Local News

မြန်မာနိုင်ငံမှတရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်ပစ္စည်းများတင်ပို့ရန် GACC တွင် မှတ်ပုံတင်ရမည်

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC) ၏ ကြေညာချက်အမှတ် (၂၄၈) နှင့် (၂၄၉)တို့အရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန်တင်ပို့ မည့်/ တင်ပို့လျက်ရှိသည့်  လုပ်ငန်းရှင်များအနေဖြင့် GACC တွင် မှတ်ပုံတင်ပြီးမှသာလျှင် တင်ပို့ခွင့် ရရှိမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အောက်ဖော်ပြပါ ကုန်စည်အမျိုးအစား(၁၈)ခုတို့ကိုတင်ပို့သည့် ကုမ္ပဏီများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင် အဖွဲ့တွင် မှတ်ပုံတင်ရမည် ဖြစ်ပါသည်-

          (က)    အသားနှင့် အသားထုတ်ကုန်များ

          ( ခ )   ရေထွက်ကုန်များ

          ( ဂ )   နို့ထွက်ပစ္စည်းများ

          (ဃ)    ငှက်သိုက်နှင့် ဆက်စပ်ထုတ်ကုန်များ

          ( င )   အဆာသွတ်ရန် အသုံးပြုသည့် အပေါ်ခွံ

          ( စ )   ပျားရည်နှင့် ပျားထွက်ပစ္စည်း

          (ဆ)    ဥနှင့်ဥထုတ်ကုန်များ

          ( ဇ )   စားသုံးဆီ

          (ဈ)     အပြင်အသားအား ဂျုံသားဖြင့်ပြုလုပ်ထားပြီး စားသုံးနိုင်သည့် သို့မဟုတ် အေးခဲထား သည့် ထုတ်ကုန်များ

          (ည)    စားသုံးနိုင်သောအစေ့အဆံများ

          ( ဋ )   ကြိတ်ခွဲသီးနှံ ထွက်ကုန်များနှင့်မုယောစပါး၊

          ( ဌ )   လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် ရေဓာတ်ထုတ်ထားသော ဟင်းသီးဟင်း ရွက်များ

          ( ဍ )   ပဲမျိုးစုံ

          ( ဎ )   အနံ့အရသာအတွက် အသုံးပြုသော ဟင်းခတ် အမွှေးအကြိုင်များ

          (ဏ)   အခွံမာသီးနှင့်အစေ့အဆံများ

          (တ)    သစ်သီးခြောက်များ

          (ထ)    မလှော်ထားသော ကော်ဖီစေ့ နှင့် ကိုကိုးစေ့များ

          ( ဒ )    အထူးအာဟာရအစားအသောက်များ၊ ကျန်းမာရေးဖြည့်စွက်စာများ

ကုန်စည်အုပ်စုအလိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)တွင် မှတ်ပုံတင်နိုင်ရေးအတွက်သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များမှာ စိုက်ပျိုးရေး ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီး ဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ဖြစ်ကြပါသည်။အဆိုပါကုန်စည်အမျိုးအစား(၁၈) အုပ်စု၌ ပါဝင်ခြင်းမရှိသည့် ကုန်စည်များကို ထုတ်လုပ်/တင်ပို့မည့်လုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ၏ ပြတင်းတစ်ပေါက် အစီအစဉ်ဖြစ်သည့် https://cifer.singlewindow.cn  သို့ဝင်ရောက်၍ ကိုယ်တိုင် Account ဖွင့်လှစ်ကာ တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ပါသည်။   

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မေလ ၂၄ ရက်နေ့အထိ ကုမ္ပဏီ/စက်ရုံ (၁၅၆၅) ခုမှ ပေးပို့ထားသည့်စောင်ရေ စုစုပေါင်း (၃၁၃၇) စောင်အား မှတ်ပုံတင်ရန်လျှောက်ထားပြီးဖြစ်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ ကုမ္ပဏီ(၁၄၀၈) ခု၊ စောင်ရေ (၂၉၈၀) စောင်၊ ငါးလုပ်ငန်းဦးစီး ဌာနမှ ကုမ္ပဏီ/စက်ရုံ(၁၃၄)ခု၊ စောင်ရေ (၁၃၄)စောင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကုမ္ပဏီ(၁၄)ခု၊ စောင်ရေ (၁၄) စောင်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနမှ ကုမ္ပဏီ(၉) ခု၊ စောင်ရေ (၉)စောင် ဖြစ်ပါသည်။

အဆိုပါ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ အပါအဝင်ကုန်စည်များအား တရားဝင်တင်ပို့နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)မှ မှတ်ပုံတင်ပေးပြီးဖြစ်သည့်လုပ်ငန်းများစာရင်းအား တရုတ်နိုင်ငံ၏ ပြတင်းတစ်ပေါက်အစီအစဉ် https: //ciferquery.singlewindow.cn/  ၌ဖော်ပြထားပါသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးစားသောက်ကုန်များ တင်ပို့သည့်ကုမ္ပဏီများအနေဖြင့် မှတ်ပုံတင်ခြင်းအတွက် ပြင်ဆင်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)အောက်ရှိ CIFER မှတစ် ဆင့် ဆောင်ရွက်ခဲ့ရာမှ China Department of Animal and plant Quarantine ဌာနမှ အောက်ဖော်ပြပါ စိုက်ပျိုးရေးစားသောက်ကုန်စည်အုပ်စု (၇) မျိုးကို ပြောင်းလဲတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းကို Manual စနစ်ဖြင့် လျှောက်ထားရမည်ဖြစ်ပါသည်-

          (က)    ကော်ဖီစေ့ (raw) ၊ ကိုကိုးစေ့ (cocoa beans) {Unroasted coffee beans and cocoa beans}

          ( ခ )   ဟင်းသီးဟင်းရွက်အစိမ်းများ {Fresh and dehydrated vegetables}

          ( ဂ )   ဟင်းခတ်အမွှေးအကြိုင်များ {Plant Seasonings (Plant Species)}

          (ဃ)    စားသုံးနိုင်သည့် အစေ့အဆံများ {Edible grains}

          ( င )   ပဲမျိုးစုံ { Dried Beans}

          ( စ )   ဆီထွက်အပင်များ {Oilseeds (Oil Plant)}

          (ဆ)    တရုတ်တိုင်းရင်းဆေး ထုတ်လုပ်သည့် တိရစ္ဆာန် (သို့မဟုတ်) အပင်မူရင်းများ {Chinese Traditional Medicines}

အဆိုပါ ကုန်စည်အုပ်စု (၇) မျိုးအတွက် Manual စနစ်ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းအား ကုမ္ပဏီလုပ်ငန်းများမှ ကိုယ်တိုင်ဆောင် ရွက်၍ မရပါ။ သက်ဆိုင်ရာ Competent Authority Department ထံလျှောက်ထားရမည်။ စိုက်ပျိုးရေးထွက်ကုန်များအတွက် စိုက်ပျိုးရေးဦးစီးဌာနသို့ လျှောက်ထားရမည်။ သက်ဆိုင်ရာဌာနမှ တာဝန်ခံအရာရှိ (Competent Authority)ကသာ ၎င်းလျှောက် ထားမှုကို ဆောင်ရွက်နိုင်ပြီး စာ(သို့မဟုတ်) Email ဖြင့် [email protected] သို့ ပေးပို့ရမည်ဖြစ်ပါသည်။ သို့မဟုတ် မြန်မာ နိုင်ငံရှိ တရုတ်သံရုံး  တရုတ်နိုင်ငံရှိ မြန်မာသံရုံးမှတစ်ဆင့် ပေးပို့လျှောက်ထားရမည်။

အဆိုပါ https://ciferquery.singlewindow.cn/ Website တွင် online စနစ်ဖြင့် ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်နေ့အထိ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ် မှုအာဏာပိုင်အဖွဲ့ (GACC) တွင် Competent Authority ထောက်ခံချက်လိုသည့် ကုန်စည်အုပ်စုနှင့် ကိုယ်တိုင်ဝင်ရောက်လျှောက်ထားသည့် ကုန်စည်အုပ်စုအပါအဝင် စုစုပေါင်းစောင်ရေ (၁၀၂၉) စောင် အား မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။ http://dzs.customs.gov.cn/ Website တွင် Manual စနစ်ဖြင့် ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက် နေ့အထိ မြန်မာနိုင်ငံမှတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်ပြီးဖြစ်သည့် စာရင်းများကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ထပ်မံသိရှိလိုသည်များရှိပါက အောက်ဖော်ပြပါ ဖုန်းနှင့် Email တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်-

 

 

                                                                             GACC, ရုံးလုပ်ငန်းအဖွဲ့

                                                                           ပြည်တွင်းကုန်သွယ်မှုဌာနခွဲ

                                                                      မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

                                                            ဖုန်းအမှတ်-၀၆၇-၃-၄၀၈၆၀၅, ၀၆၇-၃-၄၀၈၆၁၈

                                                                   Email: [email protected]

Category: Local News